Thursday, December 3, 2009

PostHeaderIcon ထစ်ခနဲဆို

နင်ကလေ...ထစ်ခနဲ့ ဆို...(ဒီစကား ကြားဖူးနေကျပါ...)

အဘယ်သို့ တို့တွေမှာ ထစ်ခနဲ့ဆို ဒုက္ခဆက်တယ်။

ဒုက္ခ = နောင်တစ်ဖန် မွေးဖွားရခြင်း။
ထစ်ခနဲ့ = အာရုံတိုက်တဲ့ ဖဿတစ်ချက်ပေါ်၊ ပေါ်တော့ -
နဂိုစိတ်ရဲ့ အကြိုက်အာရုံနှင့် ထစ်ခနဲ့ဆို လောဘ၊
မကြိုက်အာရုံနှင့်ဆို ဒေါသ၊ အာရုံက သိမ်မွေ့တဲ့အခါ
သူတို့ရဲ့ ဖြစ်မှုပျက်မှုသဘော ကို မသိလိုက်တာက မောဟ။
အဘယ်သို့ တို့တွေ= သတိဉာဏ်မရှိသော တို့တွေ။ ဒုက္ခခံနေရတာကို မသိ။
ထိုမသိသော မောဟ(အဝိဇ္ဇာ)အမှောင်က လွတ်မြောက်လိုမှုအားကို ရိုက်ချိုးဖျက်ဆီးထားပါတယ်။
မသိချင်အောင်လည်းပဲ အာရုံတွေနဲ့ လှည့်စားထားပါတယ်။
ရှင်းရှင်းပြောရင် ကိုယ်စီးတဲ့မြင်းကို အထီးမှန်း၊ အမမှန်းမသိသူ။
-------------


အဘယ်သို့ တို့တစ်တွေမှာ ထစ်ခနဲ့ဆို ဒုက္ခလွတ် သုခထပ်တယ်။

သုခ= နောင်တစ်ဖန် မွေးဖွားခြင်းကိစ္စ ချုပ်ငြိမ်းရုတ်သိမ်းခြင်း။
ထစ်ခနဲ့ = အာရုံတိုက်တဲ့ ဖဿတစ်ချက်၏ ထင်ရှားပေါ်မှု၊
အဘယ်သို့ တို့တွေ = ထစ်ခနဲ့ ထင်ရှားပေါ်ရင် သတိတည့်ပြီး ပျောက်သွားတဲ့သဘောကို သိသောဉာဏ်အလင်းဖြင့်၊
ထစ်ခနဲ့ က တစရပ်ပေါ်(နေ)တာကို သတိတည့်ကြည့်လျင်- ပျက်(နေ)တဲ့(သဘော) ကို သိသောဉာဏ်အလင်းဖြင့် ထိုးထွင်းသိသောသူ။



လေးစားစွာဖြင့်
ဝင်းမြင့်

0 comments:

Post a Comment